လ - မေ 2022

ကောင်းချီးမင်္ဂလာကို ကျော်သွားခြင်း

၁၇၉၉ ခုနှစ်က (၁၂) နှစ်သား Conrad Reed (ခွန်ရတ် ရိဒ်)သည် အမေရိကန်နိုင်ငံ၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရှိ မိသားစုပိုင်လယ်ကွင်းငယ်၌ ဖြတ်သန်းစီးဆင်းသည့် ချောင်းငယ်မှ ရွှေရောင်လက်နေသည့် ကျောက်တုံးကိုတွေ့ပြီး နယ်မြေပြောင်းရွှေ့အခြေစိုက်သူ ဆင်းရဲသားလယ်သမား ဖခင်ကိုပြရန် အိမ်သို့ယူလာသည်။ ကျောက်တုံး၏တန်ဖိုးကိုမသိသော ဖခင်က တံခါးခုသည့်ခုတုံးအဖြစ် အသုံးပြုသည်။ သူတို့မိသားစုသည် ထိုကျောက်တုံးအနီး နှစ်များစွာ ကျော်ဖြတ်သွားလာခဲ့သည်။

နောက်ဆုံးတွင် ခွန်ရတ်၏ (၁၇) ပေါင်လေးသော ထိုရွှေတုံးကြီးကို ဒေသခံ ရတနာကုန်သည်တစ်ဉီးက မြင်သွားသည်။ များမကြာမီတွင် ရိဒ်မိသားစု ချမ်းသာလာပြီး သူတို့၏လယ်ကွက်သည် အမေရိကန်ပြည်ထောင်စု၏ ပထမဉီးဆုံး ရွှေထွက်သည့် နေရာဖြစ်လာသည်။

တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် မိမိ၏ကိုယ်ပိုင် အစီအစဉ် နည်းလမ်းများကိုသာ အာရုံစိုက်ပြီး ကောင်းချီးမင်္ဂလာကိုမသိဘဲ ကျော်ဖြတ်သွားကြသည်။ ဘုရားရှင်ကို မနာခံခြင်းကြောင့် ဗာဗုလုန်သို့ ဖမ်းသွားခေါ်ဆောင်ခံရသည့် ဣသရေလလူမျိုးများအတွက် နောက်တစ်ဖန် လွတ်မြောက်ခွင့်ကို ပေးမည်ဟု ကိုယ်တော်မိန့်ကြားသည်။…

ဝေငှကြားပြောရန် အစဥ် ထိုက်တန်သည်

ကျွန်မယုံကြည်သူဖြစ်လာပြီးနောက်၊ ကျွန်မ၏မိခင်ကို ကယ်တင်ခြင်းသတင်း စကား ပြောပြသည်။ ကျွန်မမျှော်လင့်ထားသလို ယေရှုခရစ်တော်ကို ယုံကြည်လာခြင်းထက် အမေ ကျွန်မကို တစ်နှစ်စကားမပြောဘဲ နေခဲ့သည်။ ယေရှုနောက်လိုက်ဟု ကြွေးကြော်သူများနှင့် ဆိုးဝါးသောအတွေ့အကြုံများ ရှိခဲ့ခြင်းကြောင့် ခရစ်တော်ကို ယုံကြည်သူများအား အမေ မယုံကြည်ရဲတော့ပါ။ အမေ့အတွက် ဆုတောင်းလျက် အပတ်စဥ် သူ့အား ဆက်သွယ်သည်။ အမေ ကျွန်မကို စကားမပြောသည့်ကာလအတွင်း သန့်ရှင်းသောဝိညာဉ်တော်က ကျွန်မ၏စိတ်နှလုံးကို ပြုပြင်ပြီး ကျွန်မကိုနှစ်သိမ့်ပေးသည်။ နောက်ဆုံးတွင် သူမ ကျွန်မ၏ဖုန်းကို ကိုင်သောအခါ သူ့ကိုမေတ္တာပြလျက် ဘုရားသခင်၏သမ္မာတရားကို အခွင့်အခါရတိုင်း ပြောပြရန် ဆက်ကပ်ခဲ့သည်။ အမေနှင့်ကျွန်မ ပြန်လည်သင့်မြတ်ပြီးနောက်တွင် အမေက ကျွန်မကို အတော်ပြောင်းလဲသွားသည်ဟု ပြောလာသည်။ တစ်နှစ်ခန့်ကြာပြီးနောက်တွင် အမေက ခရစ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံလာပြီး ရလဒ်အားဖြင့် ကျွန်မနှင့်အမေ၏ဆက်ဆံရေး ပိုနက်ရှိုင်းလာသည်။

ရှင်ယေရှုကိုယုံကြည်သူတို့သည် လူသားတို့အတွက် အကြီးမြတ်ဆုံးသော လက်ဆောင်ဖြစ်သည့် ခရစ်တော်ထံသို့…

အက္ခရာတင်ထားသည့် ဝမ်းနည်းကြေကွဲမှု

ဖြစ်တောင့်ဖြစ်ခဲပြီး ကုသ၍မရနိုင်သော ဉီးနှောက်အကြိတ်ကင်ဆာဖြစ်နေပြီ ဟူသည့်ဆေးစစ်ချက်ရလဒ် ထွက်လာပြီးနောက်တွင် ကယ်ရိုလိုင်းသည် အသည်းအသန် ဖျားနာသည့် ကလေးလူနာနှင့် ၎င်းတို့၏မိသားစုများအတွက် ဓာတ်ပုံရိုက်ပေးသည့် ပရဟိတလုပ်ငန်းကို လုပ်ဆောင်ပေးခြင်းဖြင့် ဘဝမျှော်လင့်ချက်အသစ်၊ ဘဝရည်မှန်းချက်အသစ်ကို ပြန်လည်ရရှိခဲ့သည်။ ဤလုပ်ငန်းအားဖြင့် “ဝမ်းနည်းကြေကွဲချိန်နှင့် ရောဂါအသည်းအသန်ဖြစ်နေချိန်များ၌ ရှိမည်မဟုတ်ဟု ခံစားရသည့် လှပသောအချိန်များ”တွင်ပါ ကလေးလူနာနှင့် မျှဝေခံစားသည့် အဖိုးတန်အချိန်လေးကို မိသားစုအတွက် မှတ်တမ်းတင်ပေးနိုင်ခဲ့သည်။ “အဆိုးဆုံး မြင်ယောင်ကြည့်နိုင်တဲ့အတိုင်းအတာအထိ ခက်ခဲနေချိန်မှာ အဲဒီမိသားစုတွေက ဖြစ်နေတဲ့အခြေအနေကို လျစ်လျူရှုပြီး မေတ္တာပြချစ်ကြင်နာဖို့ ရွေးချယ်ခဲ့တယ်” ဟု သူတွေ့ရှိရသည်။

ယူကျုံးမရ စိတ်ထိခိုက်ရသည့်အဖြစ်မှန်နှင့် ထိုအခြေအနေကြားမှ တင့်တယ်လှပမှုနှင့် မျှော်လင့်ခြင်းကို ခံစားရခြင်းဟူသည့် ဝမ်းနည်းကြေကွဲမှု၏အမှန်တရားကို ဆုပ်ကိုင်နားလည်ရေးက မပြောပြနိုင်လောက်သောစွမ်းအားတစ်ခု ရှိနေပါသည်။

ယောဘဝတ္ထု၏အပိုင်းများစွာသည် ယူကျုံးမရဖြစ်စေသည့် ဆုံးရှုံးမှုများအားဖြင့် ယောဘ၏ဘဝခရီးကို အရှိအတိုင်း ရိုးသားစွာ အမိအရဖော်ပြလျက် ဝမ်းနည်းကြေကွဲမှုကို ချပြသည့် ဓာတ်ပုံနှင့် တူပါသည် (၁:၁၈-၁၉)။ ယောဘနှင့်…

ဖန်ဆင်းခြင်းအားဖြင့် ဖွင့်ပြထားသည်

မေလခေါင်းစဥ် | ဖန်ဆင်းခြင်း

သင်းအုပ်နှင့်ကဗျာဆရာဖြစ်သူ ဆရာ Maltbie Babcock (မော့ဘီဘက်ကော့) သည် မကြာခဏဆိုသလို သူလမ်းလျှောက်ထွက်တိုင်း သူတွေ့ရသည့် မြင်ကွင်းကျယ်ရှုခင်းနှင့် ပတ်သက်၍ သူခံစားရသည့်ပျော်မွေ့နှစ်သက်မှုများကို “This is My Father’s World” (ခမည်းတော်ကမ္ဘာကျူး) ဓမ္မသီချင်း၌ ရေးသားဖော်ကျူးခဲ့သည်။…

နေကြာတိုက်ပွဲ

ကျွန်ုပ်အိမ်အနီးဝန်းကျင်ရှိ သမင်များနှင့်ကျွန်ုပ်အကြား နေကြာပန်းနှင့် ပတ်သက်၍ ကွဲပြားသောအမြင် (၂) မျိုးရှိခဲ့သည်။ နွေကူးရာသီတိုင်း၌ နေကြာပင်ကို ကျွန်ုပ်စိုက်သောအခါ နေကြာပန်းများပွင့်လန်းလာရန် မျှော်လင့်သည်။ သို့သော် မိတ်ဆွေသမင်များကမူ အဆုံး၌ထွက်ပေါ်လာသည့်ပန်းကို ဂရုမစိုက်ဘဲ ဘာမှမကျန်တော့သည့်အထိ အပင်ကို ကိုက်ဝါးလိုကြသည်။ ခွာကွဲခြေ (၄) ချောင်း သတ္တဝါမိတ်ဆွေများ အပင်ကိုမကိုက်စားမီ အပင်အရွယ်ရောက်ပြီး ဖူးငုံပွင့်လန်းလာမည့်နေကြာပန်းများကို စောင့်ကြည့်ရန်မှာ နှစ်စဉ် နွေရာသီတိုက်ပွဲပင်ဖြစ်သည်။ တစ်ခါတစ်ရံ ကျွန်ုပ်နိုင်ပြီး၊ တစ်ခါတစ်ရံ သမင်များ နိုင်ကြပါသည်။

သခင်ယေရှုအား ယုံကြည်သူအဖြစ် မိမိအသက်တာကို တွေးကြည့်လျှင် ကျွန်ုပ်တို့နှင့် ရန်သူစာတန်ကြား ရင်ဆိုင်ရသည့်တိုက်ပွဲကို အလွယ်တကူမြင်နိုင်ပါ သည်။ ကျွန်ုပ်တို့၏ပန်းတိုင်မှာ ဝိညာဉ်ရေးရာရင့်ကျက်မှုသို့ ဉီးတည်သွားမည့် စဥ်ဆက်မပြတ် ကြီးထွားတိုးတက်ရန်ဖြစ်ပြီး၊ ထိုသို့အားဖြင့် ဘုရားသခင်၏ဘုန်းတော် ထင်ရှားစေနိုင်မည့် အသက်တာဖြစ်အောင် မစမည်ဖြစ်သည်။ မာရ်နတ်က ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ဖျက်ဆီးပြီး မတိုးတက်အောင် ဆီးတားလိုသည်။ သို့သော် သခင်ယေရှုသည်…

ကျွန်ုပ်တို့၏ဘုရားသခင်သည် ကြီးမြတ်တော်မူ၏

​လက်ဗွေဖြင့် မည်သူမည်ဝါဖြစ်သည်ဟု သတ်မှတ်ခွဲခြားခြင်းကို ကြာမြင့်စွာ အသုံးပြုခဲ့သော်လည်း လက်ဗွေပွားပြီး အတုလုပ်၍ရသည်။ ထိုနည်းတူ မျက်ဝန်းအတွင်း မျက်စိသူငယ်အိမ်ကို ဝန်းရံထားသော စက်ဝိုင်းပုံစံကိုမူတည်ပြီး “အိုင်ဒီ” အမှတ်အသားပြုလုပ်ခြင်းက စိတ်ချရနိုင်သော်လည်း မျက်ကပ်မှန်က ရလဒ်အဖြေကို တိုက်ရိုက်ပြောင်းပေးနိုင်သည်။ ဇီဝဖြစ်စဉ်ဖြင့် သတ်မှတ်ခွဲခြားမှုကလည်း စိတ်မချရပါ။ ထို့ကြောင့် မည်သည့်အရာက မည်သူမည်ဝါဖြစ်သည်ကို သတ်မှတ်ခွဲခြားခြင်းအတွက် အကောင်းဆုံးစံဖြစ်မည်နည်း။ လေ့လာတွေ့ရှိချက်များအရ လူ၏သွေးကြောဖွဲ့စည်းမှုပုံစံသည် ထူးခြားပြီး၊ အတုအပပြုလုပ်ရန်လည်း မဖြစ်နိုင်ပါ။ လူတစ်ဉီးချင်းစီ၏ “သွေးကြောမြေပုံ” သည် အနှိုင်းမဲ့သော၊ အစားထိုး၍ မရသော ကမ္ဘာပေါ်ရှိ အခြားသူများနှင့် သင့်ကို ခွဲခြားပေးသည့်အရာဖြစ်သည်။

နက်နဲရှုပ်ထွေးသည့် လူသားရုပ်ခန္ဓာဖွဲ့စည်းမှုကိုဆင်ခြင်ခြင်းက ကျွန်ုပ်တို့ကိုပြုလုပ်သည့် ဖန်ဆင်းရှင်အပေါ် အံ့သြမှုဖြင့်ကိုးကွယ်ဝတ်ပြုခြင်းကို နိုးဆွပေးသင့်သည်။ ကျွန်ုပ်တို့သည် “ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာ”နှင့် ဖန်ဆင်းခံရကြောင်း (ဆာ ၁၃၉:၁၄) ဒါဝိဒ်က သတိပေးထားပြီး ဤအချက်အတွက် ကျွန်ုပ်တို့အမှန်ပင် ချီးမွမ်းသင့်သည်။ ဆာလံ ၁၁၁:၂…